မြန်မာနိုင်ငံရှိအလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီများ (Best Companies to Work in Myanmar) အစီအစဉ်ကြီး ဒုတိယအကြိမ်ပြန်လည်ရောက်ရှိလာပါပြီ။

ရန်ကုန်၊ ဇူလိုင် ၁၉၊ ၂၀၂၂။

၂ နှစ်တာအချိန်ကာလပြီးနောက် မြန်မာနိုင်ငံ၏ ထိပ်တန်းအွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုဒ်တစ်ခုဖြစ်သည့် JobNet.com.mm မှ မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီများ (The Best Companies to Work in Myanmar) ကို ဖော်ထုတ်ပေးမည့် အစီအစဉ်ကို ဒုတိယအကြိမ် ဦးစီးကျင်းပရန် ထုတ်ပြန်ကြော်ငြာလိုက်သည်။ ဤအစီအစဉ်သည် မြန်မာနိုင်ငံရှိ ထိပ်တန်းကုမ္ပဏီများမှ ဝန်ထမ်းများ၏ ကုမ္ပဏီအပေါ်ထားရှိသော သဘောထားအဆင့်သတ်မှတ်ချက်များအပေါ် အခြေခံပြီး အသိအမှတ်ပြု၊ ဂုဏ်ပြုရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်သည်။

" လွန်ခဲ့သောနှစ်များက စိန်ခေါ်မှုများရှိခဲ့သော်လည်း ကုမ္ပဏီအများစုသည် ဝန်ထမ်းများကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခဲ့ကြသည့်အတွက် အသိအမှတ်ပြုသင့်ပါတယ်။ ဤအစီအစဉ်သည် ဝန်ထမ်းများ၏ စစ်မှန်သော သဘောထားများကို ကိုယ်စားပြုပါတယ်။ ထိုသို့အခက်အခဲ စိန်ခေါ်မှုများထဲမှ မိမိရဲ့လုပ်ငန်းများကို အကောင်းဆုံးထိန်းသိမ်းထားနိုင်ရန်ကြိုးပမ်းဆောင်ရွက်နေသော ကုမ္ပဏီများကို မြန်မာနိုင်ငံတွင်အလုပ်လုပ်ရန် အကောင်းဆုံးကုမ္ပဏီများ (The Best Companies to Work in Myanmar) အစီအစဉ်မှ လုပ်ငန်းရှင်များ၏ပုံရိပ်ကို မြှင့်တင်ရန် နှင့် ဝန်ထမ်းများ၏ သဘောထားများကို တိုင်းတာ၍ စစ်တမ်းကောက်ရန် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဝန်ထမ်းများရဲ့ စိတ်ကျေနပ်မှုကို အများဆုံးရရှိသည့် ကုမ္ပဏီများကို (The Best Companies to Work in Myanmar) တွင် ရွေးချယ်ထုတ်ဖော်ပေးခြင်းအားဖြင့် အလုပ်ရှာဖွေသူများအတွက်လဲ ထိပ်တန်းကုမ္ပဏီများကို အလွယ်တကူခွဲခြားသိရှိနိုင်ရန် ကူညီပေးနိုင်ပါတယ် " ဟု JobNet.com.mm ၏အုပ်ချုပ်မှုဒါရိုက်တာ Matt De Luca မှပြောပြခဲ့ပါသည်။

ထိုအစီအစဉ်တွင် Deloitte Myanmar အားတရားဝင်အကဲဖြတ် partnerအဖြစ်လည်းကောင်း၊ The British Chamber of Commerce Myanmar မှ Chamber Partner အဖြစ်လည်းကောင်း၊ CEO Business and Management Magazine၊ Myanmar Business Today နှင့် Myanmar Insider တို့သည် အစီအစဉ်၏ တရားဝင် Media partner များ အဖြစ်ပါဝင်မည်ဖြစ်သည်။

၂၀၂၂ ခုနှစ်၏ မြန်မာနိုင်ငံရှိအလုပ်လုပ်ရန် အကောင်းဆုံးကုမ္ပဏီများ (The Best Companies to Work in Myanmar) အတွက် လျှောက်လွှာများကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။ 2022 BCIM Campaign တွင်ပါဝင်လိုသောကုမ္ပဏီများသည် လျှောက်လွှာဖွင့်မည့်ရက်မတိုင်မှီ BCIM ဝက်ဘ်ဆိုဒ်၏ www.bcimyanmar.com/participate တွင် ကြိုတင်စာရင်းသွင်းထားနိုင်ပါသည်။ ကုမ္ပဏီများမှ ၎င်းတို့၏ပါဝင်မှုကို အတည်ပြုရန်အတွက် သြဂုတ်လ ၁၅ ရက်နေ့မတိုင်မီ လျှောက်လွှာကို တင်သွင်းရမည်ဖြစ်သည်။ လျှောက်လွှာတင်သွင်းပြီးနောက် ကုမ္ပဏီများအား ဩဂုတ်လ ၂၈ ရက် နောက်ဆုံးထား၍ ဖြေဆိုရမည့် စစ်တမ်းမေးခွန်းလွှာများကို ပေးအပ်သွားမည်ဖြစ်သည်။ မေးခွန်းလွှာသည် ၁၀၀ ရာခိုင်နှုန်းအွန်လိုင်းဖြင့် ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုသူတိုင်း၏ အဖြေလွှာများသည် အမည်မသိဖြစ်သည့်အတွက်ကြောင့် ဌာနအားလုံးမှဝန်ထမ်းများ၏ စစ်မှန်သော သဘောထားကို ပေါ်လွင်စေမည်ဖြစ်သည်။ Deloitte Myanmar မှ မေးခွန်းလွှာဖြေကြားချက်များကို စိစစ်အတည်ပြုပြီးနောက် ရလဒ်များကို ကုမ္ပဏီများသို့ ပေးအပ်မည်ဖြစ်သည်။

ထိုစစ်တမ်းတွင် အပိုင်း(၇)ပိုင်းပါဝင်ပြီး ကုမ္ပဏီ၏လုပ်ငန်းပိုင်းဆိုင်ရာနည်းဗျူဟာကို ဝန်ထမ်းများမှမည်မျှပေါင်းစပ်ကိုက်ညီမှုရှိစွာလုပ်ဆောင်နိုင်သည်ကို စစ်ဆေးခြင်းလည်းကောင်း၊ လုပ်ငန်းစီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှုစနစ်အား စိတ်ကျေနပ်မှုရှိ/မရှိ ကိုစစ်ဆေးခြင်းလည်းကောင်း၊ အသင်းအဖွဲ့လိုက်လုပ်ကိုင်ခြင်း၊ တိုးတက်မှုအခွင့်အလမ်းရှိခြင်းနှင့် ယေဘုယျလုပ်ငန်းခွင်အနေအထား အစရှိသည့်အပိုင်းများနှင့်ပတ်သက်ပြီး စိတ်ကျေနပ်မှုရှိ/မရှိ များကို စစ်ဆေးခြင်းတို့ပါဝင်မည်ဖြစ်သည်။

ဝန်ထမ်းများ၏ ကုမ္ပဏီအပေါ် ထားရှိသော သဘောထား အဆင့်သတ်မှတ်ချက်များကို လေ့လာသိရှိခြင်းအားဖြင့် လုပ်ငန်းတစ်ခုလုံး၏ အခြေအနေအရပ်ရပ်ကို နားလည်နိုင်မည်ဖြစ်သည်။

ထိုသို့သိရှိနားလည်ခြင်းအားဖြင့် လူ့စွမ်းအားအရင်းအမြစ် နှင့် စီးပွားရေးနည်းဗျူဟာများ ရေးဆွဲရာတွင် များစွာ အကျိုးရှိပြီး မြန်မာနိုင်ငံရှိ လုပ်ငန်းများကို များစွာ အထောက်အကူဖြစ်စေမည်ဖြစ်သည်။

ကုမ္ပဏီများအနေဖြင့် သတ်မှတ်ထားသောဖြေဆိုသူအရေအတွက် ကုမ္ပဏီအရွယ်အစား ပေါ်မူတည်၍ ပျမ်းမျှအားဖြင့် အဖွဲ့အစည်းတစ်ခုလုံး၏ အချိန်ပြည့်ဝန်ထမ်း ၈၀ ရာခိုင်နှုန်းအထိ ပါဝင်ရမည်ဖြစ်သည်။ Employee Engagement Coefficient ဖြင့်တိုင်းတာသောအခါ စုစုပေါင်းအနည်းဆုံးရမှတ်ရရှိသောကုမ္ပဏီများသည် “မြန်မာနိုင်ငံတွင်အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးကုမ္ပဏီများ” (The Best Companies to Work in Myanmar) တစ်နှစ်တာစာရင်းတွင် အသိအမှတ်ပြုဖော်ပြခြင်းခံရပါမည်။

2022 ခုနှစ်အတွက် " မြန်မာနိုင်ငံတွင်အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးကုမ္ပဏီများ " (The Best Companies to Work in Myanmar) အစီအစဉ်တွင်ပါဝင်ရန် အမည်စာရင်းတင်သွင်းလိုပါက www.bcimyanmar.com သို့ ဝင်ရောက်ကြည့်ရှုပြီး စုံစမ်းမေးမြန်းနိုင်ပါသည်။

More News

FOR IMMEDIATE RELEASE - YANGON, MYANMAR. The Best Companies to Work in Myanmar (BCIM) Awards, powered by JobNet.com.mm, proudly announces the winners...
Yangon, 2 July 2025 – JobNet.com.mm, Myanmar's Number 1 Job Site and e-recruitment platform, today announced the launch of the 2025 Best Companies to...
As a Chairman of the British Chamber of Commerce Myanmar, I would like to share an important CEO leadership update at BCCM. After an impactful tenure...
Connect. Develop. Grow.